SJ WorldNews - шаблон joomla Авто

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဒသမ အကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာ ပြုလုပ်

Thursday, 12 April 2018 09:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ ဒသမအကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဇိနမာန်အောင် တပ်ဦးကျောင်း၌ ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါ စရိယ မုံရွာမြို့၊ ဓမ္မပါရဂူပါဠိ တက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အမှူးပြုသော သံဃာတော်များ ကြွရောက်ေ တ်ာမူကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ် နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။ ထို့နောက် ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက် တည်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာတွင် ရဟန်းလောင်း ၁ဝ၅ ပါးနှင့် ရှင်သာမဏေလောင်း ၁၈ ပါးတို့ကို ဧပြီ ၁ဝ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမမှ အာစိ ဏ္ဏာရာမကျောင်းတိုက်၊ အနှိုင်းမဲ့ချမ်းသာစေတီတော်အထိ ရှင်လောင်းလှည့်လည်၍ ဇိနမာန်အောင်တပ်ဦး ကျောင်း၌ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ဆံချခြင်းနှင့် ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာ မဏေအဖြစ် သွတ်သွင်းချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 131 times Last modified on Thursday, 12 April 2018 09:14