SJ WorldNews - шаблон joomla Авто

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာ ပြုလုပ်

Thursday, 12 April 2018 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာကို ဧပြီ ၁ဝ ရက်တွင် မြိတ်မြို့ရှိ ဘိုတောင်တောရစာသင်တိုက်၌ ပြုလုပ်ရာ အဆိုပါ ကျောင်းတိုက် ဆရာတော် အဂမ္ဂ ဟာပဏ္ဍတိ အဂမ္ဂ ဟာဂနဝ္ထါစကပဏ္ဍတိ မဟာဂနဝ္ထါစက ပဏ္ဍိတ ဘဒ္ဒန္တသုဒဿနာ ဘိဝံသ အမှူးပြုသော သံဃာတော်များ၊ ရဟန်းလောင်းများနှင့် ရှင်သာမဏေေ လာင်းများ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆံတော်ရှင် ပေါ်တော်မူစေတီတော်နှင့် မဟာ သိဒ္ဓိဇယစေတီတော်များသို့ လှည့်လည်ပြီး ညနေပိုင်းတွင် ဘိုတောင်တောရ စာသင်တိုက်၌ ရဟန်းလောင်း ၁၁၁ ပါးနှင့် ရှင်သာမဏေလောင်း ၁၁ ပါးတို့အား ဆံချမင်္ဂလာပြုလုပ်ခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်း ဝတ်ခြင်းနှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများ ပြုလုပ်ကြသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် သံဃာတော်များအား တိုင်းမှူးနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။ ယင်းနောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် ရေစက်ချ မင်္ဂလာကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘိုတောင်တောရ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 97 times Last modified on Thursday, 12 April 2018 09:16