SJ WorldNews - шаблон joomla Авто

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၆)ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ ပြုလုပ်

Thursday, 12 April 2018 09:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၆)ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ပြုလုပ်ရာ လားရှိုး မြို့၊ ဇမ္ဗူအေးစေတီတပ်ဦး ကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တမအမှူးပြုသော သံဃာတော်များ ကြွရောက်ေ တ်ာမူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇမ္ဗူအေးစေတီတပ်ဦး ကျောင်းတိုက် ဆရာတော်အမှူးပြု သော သံဃာတော်များအား သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။ ထို့နောက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာတွင် ရဟန်းလောင်း ၁ဝ၂ ပါးနှင့် ရှင်သာမဏေလောင်း ၄ဝ ပါးတို့ကို ဧပြီ ၁ဝ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံမှ လားရှိုးမြို့အတွင်း ရှင်လောင်းလှည့်လည်၍ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Read 171 times Last modified on Thursday, 12 April 2018 09:19