SJ WorldNews - шаблон joomla Авто

ကိုကိုးကျွန်းမြို့နှင့် အခြားမြို့များသို့ ခရီးသည်နှင့် ကုန်ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

Thursday, 12 April 2018 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းမြို့နှင့် အခြားမြို့များသို့ သွားရောက်မည့် ဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာချောင်ချိရေး အတွက် ခရီးသည်နှင့် ကုန်စည် ပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် တပ်မတော်သားများ စုစုပေါင်း ၂၅၈ ဦး၊ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများကို တပ်မတော်(ရေ) မှစီစဉ်ပေးသော စစ်ရေယာဉ်ဖြင့် တင်ဆောင်၍ ရန်ကုန်မြို့မှ ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ဖြူ မြို့နှင့် စစ်တွေမြို့တို့သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Read 106 times Last modified on Thursday, 12 April 2018 10:18