SJ WorldNews - шаблон joomla Авто

ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်းရှိ အောင်လော့ဒ်ကျေးရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံတိုင်းရင်းသားများအား မူလနေရပ်ဒေသသို့ပြန်လည်နေထိုင်ရေးဆွေးနွေး

Friday, 20 April 2018 09:46 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်းရှိ အောင်လော့ဒ်ကျေးရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံတိုင်းရင်းသားများအား မူလနေရပ်ဒေသသို့ပြန်လည်နေထိုင်ရန် အကူအညီပေးရေး မြစ်ကြီးနား နယ် ဂိုဏ်းအုပ် ကက်သလစ်ဘာသာရေးအသင်းတော် အဖွဲ့၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းတို့နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဧပြီ  ၁၉

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေသည်  မြစ်ကြီးနားနယ် ဂိုဏ်းအုပ် ကက်သလစ် ဘာသာရေး အသင်းတော်မှ ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ်ဒေါ့တန် ဦးဆောင်သောအဖွဲ့နှင့် ဧပြီ ၁၈ ရက်

မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဆရာတော် ဖရန်စစ်ဒေါ့ တန်နှင့်အတူ မြစ်ကြီးနားနယ် ခရစ်ယာန်အသင်းတော်ဥက္ကဋ္ဌ ဘုန်းတော်ကြီး ပီတာခါး အောင်တူးနှင့် အသင်းတော်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ  ဦးဂဲနစ်နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံမှုတွင် အောင်လော့ဒ်ကျေး ရွာနှင့်ပတ်သက်ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား နေရပ်ပြန် လည် နေထိုင်ရေး၊ ကြက်ခြေနီအဖွဲ့ကို စေလွှတ်ရေး၊ ခရစ်ယာန် ဘာသာရေးအဖွဲ့မှ သွားရောက်ကူညီပံ့ပိုး

ပေးလိုပါက သွားရောက်နိုင်ရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက်လည်း ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး စသည့် လိုအပ်သောအကူအညီများအား  ဆောင်ရွက်ပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း

သတင်းရရှိသည်။

Read 30 times Last modified on Friday, 20 April 2018 09:48