SJ WorldNews - шаблон joomla Авто

ရေကြောင်း လူငယ်နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းတို့မှ သင်တန်းသား၊ သင်တန်း သူများ အား သွားရောက်တွေ့ဆုံ

Wednesday, 16 May 2018 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ   ၁၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လေ့လာရေး ခရီးသွားရောက်ရန် ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း (ဘုရင့်နောင်)၌ လာရောက် တည်းခိုလျက်ရှိသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈)နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် အဖွဲ့ဝင် များက သွားရောက်တွေ့ဆုံသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာများ၊ အိပ်ဆောင်များအား လိုက်လံကြည့်ရှု၍  လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး လေ့လာရေး သွားရောက်ကြမည့် သင်တန်းသား၊  သင်တန်း သူများအား   ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။          

Read 18 times Last modified on Wednesday, 16 May 2018 09:32