SJ WorldNews - шаблон joomla Авто

စစ်တွေမြို့၊ ဆတ်ရိုးကျ ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား

Wednesday, 16 May 2018 09:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်နေ ဒေါ်အထွီးချေ (ဘ) ဦးလှရွှေ၏ နေအိမ်၌ ယနေ့နံနက် ၁၁ နာရီ မိနစ် ၂ဝခန့်တွင် နေအိမ်အပေါ်ထပ် ဒါးမိန်းမှ ဝါယာေ ရှာ့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ရာ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက မီးသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့်ပြည် သူများအား နယ်မြေခံ တပ်မ တော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 42 times Last modified on Wednesday, 16 May 2018 10:01