SJ WorldNews - шаблон joomla Авто

ခိုလမ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

Thursday, 17 May 2018 07:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခြင်းများအား စုပေါင်းဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ခန်းမဆောင် အသစ်ဆောက်လုပ်ရန် မြေနေရာ ရွေးချယ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Thursday, 17 May 2018 07:52