SJ WorldNews - шаблон joomla Авто

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

Thursday, 17 May 2018 07:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ မောင်းခမ်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား မေ ၁၅ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ရတနာသိင်္ဂီ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အစာအိမ်ရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ဒေသခံပြည်သူ ၃ဝ၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား ဟုမ္မလင်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် တပ်နယ်မှ တပ်မတော်သားများက အဆိုပါ ကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက် ဆရာတော်နှင့် ပစ္ဆိမဝိဟာရကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး မောင်းခမ်းစံပြကျေးရွာ တိုက်နယ်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများအား ကြည့်ရှုလေ့လာပြီး အလှူငွေနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 35 times Last modified on Thursday, 17 May 2018 07:54