SJ WorldNews - шаблон joomla Авто

တိုက်ကြီးမြို့နယ်ရှိ နန္ဒဝန်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်

Tuesday, 12 June 2018 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ နန္ဒဝန်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုက်ကြီးတပ်နယ်မှ တပ်မတော်သား များက ကျောင်းဝင်း ပတ်ဝန်းကျင်၌ စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဝပ်နေသော နေရာများအား မြေဖို့ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 59 times Last modified on Tuesday, 12 June 2018 08:20