SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ အုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်

Wednesday, 13 June 2018 08:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ အုပ်စုအတွင်းရှိ သံဃာတော် များနှင့် ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အင်းကြင်းကွင်း ကျေးရွာရှိ အောင်ဘုံစံကျောင်းတိုက် ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက် ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာများရှိ သံဃာတော် ငါးပါးနှင့် ဒေသခံပြည်သူ ၈၁ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 545 times Last modified on Wednesday, 13 June 2018 08:29