SJ WorldNews - шаблон joomla Авто

ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိသည့် နေရာများမှ ဒေသခံ ပြည်သူများအား ကူညီပြောင်းရွှေ့

Wednesday, 13 June 2018 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အတွင်း ဇွန် ၉ ရက်မှ ၁၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ကိုင်းကြီးကျေးရွာရှိ ဘူးရိုးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမှု များကြောင့် ကမ်းပါးနှင့် ၅ ပေခန့်အကွာရှိ နေအိမ်ရှစ်လုံးမှ အိမ်ထောင်စုရှစ်စု၊ လူဦးရေ ၂၅ ဦးတို့အား ယနေ့တွင် တပ်မတော်သားများက နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ကူညီပြောင်းရွှေ့ပေးပြီး နေအိမ်များပြန်လည် ဆောက်လုပ်ပေးကာ အဆိုပါ အိမ်ထောင်စုများ အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 527 times Last modified on Wednesday, 13 June 2018 08:31