SJ WorldNews - шаблон joomla Авто

ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်၌ အခမဲ့ မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသ ပေးခြင်းများပြုလုပ်

Thursday, 14 June 2018 08:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၃

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင် များအား ဒသမ အကြိမ်မြောက် အခမဲ့စမ်းသပ်၊ ခွဲစိတ်ကုသ ပေးခြင်းကို ဇွန် ၁၂ ရက်မှစတင်၍ ဟင်္သာတမြို့ရှိ မိုးကောင်းကျောင်းတိုက် စက္ခုပါလာဒိဖောင်ဒေးရှင်း အခမဲ့ မျက်စိခွဲစိတ် ကုသဆောင်၌ ကုသပေးလျက်ရှိသည်။ ဟင်္သာတခရိုင် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို မျက်စိရောဂါ စမ်းသပ်ပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သော ဝေဒနာရှင်များအား ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသ ပေးခြင်းများကို ဇွန် ၁၆ ရက်အထိ ဆက်လက်ကုသ ပေးသွားမည်ဖြစ်ပြီး ဇွန် ၁၂ ရက်မှ ယနေ့အထိ သံဃာတော် ၁၇ ပါး၊ သီလရှင်နှစ်ပါးနှင့် ဒေသခံပြည်သူ ၂၆၉ ဦးတို့ကို မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသပေးခဲ့ပြီး မျက်မှန်တပ်ရန် လိုအပ်သည့်လူနာ ၁ဝ၃၃ ဦးအား အခမဲ့မျက်မှန် တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 41 times Last modified on Thursday, 14 June 2018 08:29