SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Tuesday, 31 July 2018 08:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၃ဝ

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုပေးပွဲကို ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် တောင်ငူတပ်နယ်(က)အသင်းနှင့် ပဲခူးတပ်နယ်အသင်း တို့၏   ယှဉ်ပြိုင်ကစားမှုများကို  ကြည့်ရှုအားပေးကြသည်။ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဆုဖလားရရှိသော ပဲခူးတပ်နယ် အသင်းတို့အား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုဖလားနှင့်ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၁၅ ရက်မှ ၂၉ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။    

 (၁ဝဝ)

Read 118 times Last modified on Tuesday, 31 July 2018 08:30