SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Tuesday, 31 July 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၃ဝ

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ်ယှဉ် ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၉ သင်းဖြင့် သြဂုတ် ၈ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                    

(၁ဝဝ)

Read 91 times Last modified on Tuesday, 31 July 2018 08:32