SJ WorldNews - шаблон joomla Авто

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲစတင်

Saturday, 04 August 2018 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ ပွဲစဉ်ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဩဂုတ် ၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၃၉ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သတင်း ရရှိသည်။

Read 93 times Last modified on Saturday, 04 August 2018 08:29