SJ WorldNews - шаблон joomla Авто

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ စတင်ပြုလုပ်

Saturday, 04 August 2018 08:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ဩဂုတ် ၂ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ကြသည်။ ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ ပထမနေ့ ပွဲစဉ်အဖြစ် ပြိုင်ပွဲဝင်အသင်းတို့၏ ယှဉ်ပြိုင် မှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဩဂုတ် ၁၀ ရက်အထိ ပြုလုပ်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 137 times Last modified on Saturday, 04 August 2018 08:29