SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်၊ ရွှေလေးတော ကျေးရွာနှင့် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုး ကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 04 August 2018 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရွှေလေးတောကျေးရွာနှင့် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ရွှေလေးတော ကျေးရွာရှိ ဓမ္မရက္ခိတဘုန်းတော်ကြီး ကျောင်းနှင့် ကညင်ကျိုးကျေးရွာ ဓမ္မာရုံတို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ရွှေလေးတောကျေးရွာရှိ ဒေသခံပြည်သူ ၈၉ ဦးနှင့် ကညင်ကျိုးကျေးရွာရှိ ဒေသခံပြည်သူ ၁၂၀ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 114 times Last modified on Saturday, 04 August 2018 08:32