SJ WorldNews - шаблон joomla Авто

မောင်တောမြို့၊ မြို့မကညင်တန်း ရပ်ကွက်အတွင်း ငွေကျပ်သိန်း ၃၀ဝ၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Saturday, 04 August 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မကညင်တန်း ရပ်ကွက်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် ည ၁၀ နာရီခွဲခန့်တွင် အဆိုပါရပ်ကွက် ဗလီလမ်းကြား အနီး၌ ဘင်္ဂါလီတစ်ဦးသည် ဆာလာအိတ်တစ်အိတ်ထမ်း၍ လမ်းလျှောက်လာစဉ် ခေါ်ယူစစ်ဆေးရာ အဏ္ဏဝါဆာဒတ်(ဘ) ဦးနူမာမောက်ထမ်းလာသော ဆာလာအိတ်အတွင်းမှ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ဝ၀ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၀ဝ၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 144 times Last modified on Saturday, 04 August 2018 08:32