SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Saturday, 04 August 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

၂၀၁၈ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ သီဟသူရ ထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား ဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါ စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဇူလိုင် ၃၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 183 times Last modified on Saturday, 04 August 2018 08:33