SJ WorldNews - шаблон joomla Авто

တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

Saturday, 04 August 2018 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ဩဂုတ် ၂ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ စခန်းရုံး အသင်းက ဒိုင်းဆုရရှိခဲ့ပြီး တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ကြသည်။ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 155 times Last modified on Saturday, 04 August 2018 08:35