SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ စတင်ပြုလုပ်

Saturday, 04 August 2018 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံတပ် စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တက်ရောက် ဖွင့်လှစ်ပေးသည်။ ဖွင့်ပွဲတွင် တိုင်းမှူးနှင့်တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပြိုင်ပွဲဝင် အသင်းများ၏ ပစ္စတိုထိလဲ ပစ်ခတ်စဉ် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ သေနတ်ပစ် ပြိုင်ပွဲတွင် ပစ်ခတ်စဉ် ၁၂ မျိုးပါဝင်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၅ သင်းဖြင့် ယနေ့မှ ဩဂုတ် ၁၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 243 times Last modified on Saturday, 04 August 2018 08:39