SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံဝင်း အတွင်း၌ မီးလောင်မှုဖြစ်ပွား

Friday, 10 August 2018 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊စဝ်စံထွန်းဆေးရုံဝင်း အတွင်းရှိ ဂန္ဓမာလိုင်းခန်း သုံးခန်းတွဲတွင် နေထိုင်သည့်    ဒေါ်အေးငယ်ငယ်ဝင်း (ဓာတ်ရောင်ခြည်ဌာန)(ဘ) ဦးစိန်ဝင်း၏ နေအိမ်အခန်း၌ ယနေ့မွန်းလွဲ၁ နာရီခန့်တွင် လျှပ်စစ်မိန်းခလုတ် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ရာနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက မီးသတ်ယာဉ်  ခုနစ်စီး၊ ရေသယ်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ    နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူအား တောင်ကြီးနယ်မြေ ရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။         

(၁ဝဝ)          

Read 12 times Last modified on Friday, 10 August 2018 09:29