SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူနှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိ

Friday, 10 August 2018 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်အုပ်စု၊ မှော်ဝမ်းရပ်ကွက်နေ ဦးဆော်ဆီထီသည် သြဂုတ် ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် ညီဖြစ်သူ မောင်အောင်ဝင်းနှင့် အတူ ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ စံဖဲချောင်းသို့ ငါးရှာသွားရောက်စဉ် KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးလုံးတွင်  မိုင်းထိဒဏ်ရာများ ရရှိခဲ့ပြီး  ဖားကန့် ဆေးရုံမှတစ်ဆင့် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု၍ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေ များကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 18 times Last modified on Friday, 10 August 2018 09:33