SJ WorldNews - шаблон joomla Авто

သိန်းနီမြို့နယ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ

Friday, 10 August 2018 09:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ရေပူကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၃ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် မော်တော်ယာဉ် တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ CHENGLONG အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 4D/---- နှင့်အတူ ယာဉ်ပေါ်တွင် တင်ဆောင်ထားသော ပိတောက်ဓားရွေတုံး ၃၈ တုံး(ခန့်မှန်းတန် ၄ ဒသမ ၇၉ တန်ခန့်)အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် တရားမဝင်သစ်များအား လားရှိုးမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

 (၁ဝဝ)

Read 38 times Last modified on Friday, 10 August 2018 09:41