SJ WorldNews - шаблон joomla Авто

သာပေါင်းမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

Friday, 10 August 2018 09:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင်  အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သာပေါင်းမြို့၊ ပြည်အေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား ပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ် စာစောင်များ ပေးအပ်သည်။

ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါခန်းမ၌ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ခွဲစိတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 55 times Last modified on Friday, 10 August 2018 09:45