SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် အာခါတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်

Friday, 10 August 2018 09:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အာခါတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် အာခါအမျိုးသားစာပေ ယဉ်ကျေးမှုတို့မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် အာခါ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို သြဂုတ် ၈ ရက် နေ့လယ်ပိုင်းတွင်  တာချီလိတ်မြို့၊ ဝမ်းကောင်းရပ်ကွက်၊ သွယ်ဟော့ပေါ့ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အာခါတိုင်းရင်းသားကျောင်းသား၊ ကျောင်းသူ ၂၆၃ ဦးတို့အတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ အာခါတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအာဗေလနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော အာခါတိုင်းရင်းသူ မဂရေးစ်မီရှူးအား တိုင်းမှူးမှ ဂုဏ်ပြုဆုချီးမြှင့်သည်။

ထို့နောက် ဂုဏ်ထူးရှင်ကျောင်းသား၊ ကျောင်းသူများအား အာခါအမျိုးသား စာပေအကြီးအကဲနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 32 times Last modified on Friday, 10 August 2018 09:49