SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Friday, 10 August 2018 09:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ်အတွင်း သြဂုတ် ၅ ရက်မှစ၍ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြိတ်-ကော့သောင်း ပြည်ထောင်စု ကားလမ်းပေါ်ရှိ အောက်ကင်းအရှေ့ကျေးရွာအနီး မိုင်တိုင်အမှတ်(၄၈/၅)နှင့် (၄၈/၆)ကြားတွင် ရေအနက် ၁ ပေ ၆ လက်မခန့်နှင့် လယ်တောင်ယာကျေးရွာ အနီး မိုင်တိုင်အမှတ်(၅၁/၁)နှင့် (၅၁/၅)ကြားတွင်ရေအနက် ၂ ပေ ၂ လက်မခန့်စီ လမ်းရေကျော်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လမ်းရေကျော်မှု  ဖြစ်ပွားရာနေရာသို့ သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တနင်္သာရီတပ် နယ်မှ တပ်မတော်သားများက ခရီးသွားပြည်သူများနှင့် ဆေးရုံပို့ဆောင်မည့် လူနာများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဖိုက်ဘာလှေများဖြင့်  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                       

 (၁ဝဝ)

Read 49 times Last modified on Friday, 10 August 2018 09:53