SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Saturday, 11 August 2018 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁ဝ

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲ ဝင်အားကစားသမားများနှင့်   အားကစား ဝါသနာရှင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူ များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် အင်းတိုင်တပ်နယ်အသင်းနှင့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများနှင့် အသင်းလိုက်ဆုရရှိသူများကို တာဝန်ရှိသူ များကလည်းကောင်း၊ ဒိုင်းဆုရရှိသည့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ကိုယ်စားပြုအသင်းအား တိုင်းမှူးက လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၆ သင်းဖြင့် ဇူလိုင် ၂၃ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။                             

Read 120 times Last modified on Saturday, 11 August 2018 08:44