SJ WorldNews - шаблон joomla Авто

TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲပြီး အပြစ်မဲ့တိုင်းရင်းသားပြည်သူတစ်ဦးသေဆုံး၊ မပေါက်ကွဲသေးသောမိုင်းများတွေ့ရှိ

Thursday, 07 September 2017 09:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်မြို့နယ်၊ နမ့်လောင်းကျေးရွာနေ အိုက်ရီသည် မန်ကန် ကျေး ရွာရှိ အဘိုးဖြစ်သူ၏နာရေးသို့သွားရောက်၍ ယနေ့နံနက် ၆ နာရီ ၂၅ မိနစ်တွင်

ရွာလယ် ဇရပ်အနီး၌  ချက်ပြုတ်ရန်ပြင်ဆင်ပြီး အမှိုက်ပုံအား မီးရှို့ရန် ဆောင်ရွက်စဉ် TNLA အကြမ်း ဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာ များ ရရှိ ခဲ့ သဖြင့် မူဆယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံး ခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းနှင့် နယ်မြေခံစစ်မြေပြင်အင်ဂျင် နီယာတပ်ရင်းမှ တပ်မတော်သားများက သွားရောက်ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာ အနီး၌  ဝါးညှပ်လက်လုပ်မိုင်းတစ်လုံးနှင့် အဆိုပါနေရာနှင့် မီတာ ၂ဝဝ ခန့်အကွာရှိ လမ်းမကြီး ဘေး၌ ဝါးညှပ်လက်လုပ်မိုင်းနှစ်လုံးတို့ကို ထပ်မံတွေ့ရှိခဲ့သဖြင့် အများပြည်သူ အသက် အန္တရာယ် ထိခိုက်မှု မရှိစေရေး အတွက် သက်မဲ့ပြုလုပ်ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြောင်း သတင်း ရရှိသည်။        

Read 449 times Last modified on Thursday, 07 September 2017 09:49