SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မဟာဗောဓိ စေတီတော်ကြီးအား ရွှေထီးတော် တင်လှူပူဇော်

Thursday, 14 March 2019 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မဟာဗောဓိ စေတီတော်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ကြီး၌ပြုလုပ်ရာ တောင်ကြီးမြို့၊ မြို့ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဧန္ဒက  အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမ့်ပင်လိန်ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်တွင် တင်လှူပူဇော်ကြသည်။ ယင်း နောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 7 times Last modified on Thursday, 14 March 2019 08:12