SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်အတွင်း ငွေကျပ် သိန်းပေါင်း ၂၈ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Thursday, 14 March 2019 11:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊(၄) မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၁၂ ရက် ည ၂ နာရီခန့်တွင် လွိုင်ကော်မြို့ဘက်မှ တောင်ငူမြို့ဘက်သို့ ထွန်းထွန်းလင်း (ဘ)ဦးကျော်သန်း မောင်းနှင်လာသည့် Hino အမျိုးအစား ခြောက်ဘီးယာဉ်အမှတ် 5K/-- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ မုန့်မျိုးစုံ၊ စက္ကူဖာများ၊ ကြက်သွန်ဖြူ /နီအိတ်များ အောက်ရှိ ပီနံအိတ်များအတွင်း ဝှက်၍ သယ်ဆောင်လာသည့် WY စာတန်းနှင့် YA စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်၂၈ဝဝဝ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား တောင်ငူမြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 14 times Last modified on Thursday, 14 March 2019 11:41