SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မိုင်းကိုင်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၆၂၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Thursday, 14 March 2019 11:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတု စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မိုင်းကိုင်မြို့ဘက်မှ သီပေါမြို့ဘက်သို့ စိုင်းငယ်လေး (ဘ)ဦးဝေလင်း မောင်းနှင်၍ နေရှိုင်းအောင် (ဘ)ဦးတင်မြင့် လိုက်ပါလာသည့် ယာဉ်အမှတ်၊ YGN 2P/--- အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ပြောင်းအိတ်များအတွင်းမှ အိုက်စ် ၆၅ဝ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆၂၅ဝဝ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီး ရမိသူများအား မိုင်းကိုင်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Thursday, 14 March 2019 11:41