SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ် အတွင်း ငွေကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီး ရမိ

Thursday, 14 March 2019 11:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လောက်ကိုင်မြို့ဘက်မှ ဟဲဟိုကျေးရွာဘက်သို့ တွန်အဲ(ဘ)ဦးရန်ကျွမ်းစယ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝ၁၇ဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၈ဝဝ ကျော်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူဖမ်းဆီးရမိသူအား ရန်လုံကျိုင်း နယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 68 times