SJ WorldNews - шаблон joomla Авто

လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 15 March 2019 08:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ ပုန်းလောင်းကျေးရွာ၊ ပန်တဝိကျေးရွာနှင့် ဟွေ့နိမ့်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၂၁၄ ဦးတို့ကို  သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ   ဆောင်ရွက်ပေးသည်။

ထို့နောက် ဆေးကုသရေးအဖွဲ့က မတ်၁၃ ရက်တွင် ပန်တဝိကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သောက်သုံးရေကန် အတွင်း/အပြင်နှင့်  ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                

 (၁ဝဝ)

Read 9 times Last modified on Friday, 15 March 2019 08:05