SJ WorldNews - шаблон joomla Авто

တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား ဗုဒ္ဓပူဇနိယ (တပေါင်း) ပွဲတော်ဖွင့်ပွဲ၊ မုခ်ဦးဖွင့်ပွဲနှင့် သာသနိက အဆောက်အအုံများ ဘက်စုံပြုပြင် မွမ်းမံပြီးစီးမှု ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ်

Friday, 15 March 2019 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၄

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်  မြတ်စောညီနောင် ဘုရား ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်ဖွင့်ပွဲ၊ မုခ်ဦးဖွင့်ပွဲနှင့် သာသနိက အဆောက်အအုံများ ဘက်စုံပြုပြင် မွမ်းမံပြီးစီးမှု  ရေစက်ချ အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုရား၌ပြုလုပ်ရာ  တောင်ငူမြို့နှင့်  အနီးဝန်းကျင် စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်ကြီးများနှင့် သံဃာတော်  ၄၈  ပါး  ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နဂါးရုံဇီးတောစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ၊ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်နှင့်အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းသည့်  မြတ်စောညီနောင် ဘုရားမုခ်ဦးတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက တောင်ငူမြို့၊ ဝိသုဒ္ဓါရုံသိမ်ဉုး ကျောင်းစာသင်တိုက် ဆရာတော် မဓုရဘာနီ အရှင်သောပါကထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ယင်းနောက် သံဃာတော်များအား  သင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး   လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 37 times Last modified on Friday, 15 March 2019 08:17