SJ WorldNews - шаблон joomla Авто

(၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

Saturday, 16 March 2019 07:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏(၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ မင်းကွန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာ ဂနဝ္ထါစက ပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက သံဃာတော်များထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၂ဝ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 12 times Last modified on Saturday, 16 March 2019 09:42