SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Saturday, 16 March 2019 07:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၁၄ ရက် နံနက်၆ နာရီခန့်တွင် လဝါကျေးရွာ၏ အရှေ့မြောက်ဘက် ၇ မိုင်ခွဲခန့်အကွာနှင့် အနီးဝန်းကျင်သို့ အရောက်၌ တရားမဝင် ကျွန်းသစ်ခန့်မှန်း ၄၂ တန်ခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။ အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် ပျဉ်လဟာကျေးရွာ၏ အနောက်ဘက် ၈ မိုင်ခွဲခန့် အကွာသို့ အရောက်၌ တရားမဝင် ကျွန်းသစ်ခန့်မှန်း ၁၂ တန်ခန့်အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ တရားမဝင် သစ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Saturday, 16 March 2019 07:30