SJ WorldNews - шаблон joomla Авто

မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 16 March 2019 07:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ တောင်ပေါ်ဒေသများရှိ မိုင်းလွေကျေးရွာ၊ ယန်းကောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား မတ် ၁၄ ရက် နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က မိုင်းလွေကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၄၆၂ ဦးကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းလွေကျေးရွာ ဆင်ဖြူရှင် ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပဏ္လိတနှင့် မိုင်းယန်းမြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ နန္ဒဓဇတို့အား ဖူးမြော်၍ သင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 32 times Last modified on Saturday, 16 March 2019 07:56