SJ WorldNews - шаблон joomla Авто

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယဓမ္မသဘင်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 16 March 2019 07:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၅

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကမ္ဘာအေးကုန်းမြေတွင် ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်လျက် ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် သာသနာရေး ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယဓမ္မသဘင် ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၃၃ဝ ပါး၊ ကျောင်းသား၊ ကျောင်းသူများနှင့် သာသနာ့ဝန်ထမ်း ၁၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော် ငါးပါးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီးသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် သံဃာတော် များအား တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 32 times Last modified on Saturday, 16 March 2019 08:04