SJ WorldNews - шаблон joomla Авто

ကချင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမ ခံယူပွဲ၊ ရှင်ရဟန်းတစ်ထောင် ပဗ္ဗဇ္ဇဥပသမ္မဒ မင်္ဂလာ သာသနာ့အမွေခံယူပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲ ပြုလုပ်

Tuesday, 02 April 2019 10:22 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမ ခံယူပွဲ၊ ရှင်ရဟန်းတစ်ထောင် ပဗ္ဗဇ္ဇဥပ သမ္မဒမင်္ဂလာ သာသနာ့ အမွေခံယူပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ တောင်တန်း သာသနာပြု(ဗဟို) ကျောင်းတိုက်၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများက ရှင်ရဟန်း တစ်ထောင်တို့အား သိမ်ဆင်းလောင်းလှူပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက ကချင်ပြည်နယ်၊ ဆားမှော်မြို့၊ အောင်မင်္ဂလာကျောင်း ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသြဘာသ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 23 times Last modified on Tuesday, 02 April 2019 10:25