SJ WorldNews - шаблон joomla Авто

နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ မိုင်းလင်း ဆရာတော်အား ဂုဏဝိသိဋ္ဌ ထပ်ဆင့် ဂုဏ်ပြု ပူဇော်

Tuesday, 02 April 2019 10:25 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းလင်းအုပ်စု၊ ဟိုနမ့်စေတီတော် ကမ္မဋ္ဌာန်းကျောင်းတိုက် နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ မိုင်းလင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလအား ဂုဏဝိသိဋ္ဌ ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲနှင့် သံဃာတော်များအား သိမ်ဆင်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ ပါလျှံကျောင်းတိုက်၌ ပြုလုပ်ရာ သံဃာတော်များအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက သိမ်ဆင်း ဆက်ကပ် လောင်းလှူကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရနှင့် သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် နိုင်ငံတော် အစိုးရ၏ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသော မိုင်းလင်းဆရာတော်အား တိုင်းနေစာပေယဉ်ကျေးမှု အဖွဲ့က ဂုဏ်ပြုလွှာ ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် ပါလျှံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝရ၏ (၅၂)နှစ်ပြည့် မွေးနေ့ဝိဇာတပူဇာမင်္ဂလာ ပူဇော်ခြင်းများ ပြုလုပ်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 30 times Last modified on Tuesday, 02 April 2019 10:26