SJ WorldNews - шаблон joomla Авто

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်

Thursday, 11 April 2019 10:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁ဝ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက်  ဖွင့်လှစ် သည့် ယဉ်ကျေးလိမ္မာ၊   အင်္ဂလိပ်စာအခြေခံနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲများကို  ယနေ့နံနက်ပိုင်းတွင်   တိုင်းစစ် ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြ များနှင့်   သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုများပေးအပ်သည်။

အဆိုပါသင်တန်းများတွင် ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ အင်္ဂလိပ်စာ အခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၉၁ ဦးတို့ဖြင့် မတ် ၂၅ရက်မှ ယနေ့အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

(၁ဝဝ)

Read 28 times Last modified on Thursday, 11 April 2019 10:35