SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်

Friday, 12 April 2019 08:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်​ ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပဲချက်ကုန်းကျေးရွာနှင့် ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီး ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံပြည်သူ ၃၁၂ ဦးတို့ကို သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂ဝ ဦးအား တောင်ငူမြို့နှင့် ပြည်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့နောက်ဆေးကုသရေးအဖွဲ့က ခွေးရူးပြန်ရောဂါ အကြောင်း ကျန်းမာရေး အသိပညာ ပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

 (၁ဝဝ)

Read 31 times Last modified on Friday, 12 April 2019 08:11