SJ WorldNews - шаблон joomla Авто

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းနှင့် စက်ချုပ်သင်တန်းဆင်း ပွဲပြုလုပ်

Friday, 12 April 2019 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော် သားမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ များ  နွေရာသီကျောင်းပိတ်ရက်တွင်  အချိန် ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာ သင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းအမှတ်စဉ်(၁/၂ဝ၁၉)နှင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)သင်တန်းဆင်းပွဲ များကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊  သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား သင်တန်းများအလိုက်  ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ကြသည်။

အဆိုပါသင်တန်းများတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၂၈၇ ဦး၊ အင်္ဂလိပ်စာ အခြေခံ သင်တန်းကို  ကျောင်းသား၊ ကျောင်းသူ ၁၇၉ ဦးနှင့် ကွန်ပျူတာ အခြေခံသင်တန်းကို ကျောင်းသား၊ ကျောင်းသူ  ၁၁၉ ဦးဖြင့် လည်းကောင်း၊ စက်ချုပ်သင်တန်းကို သင်တန်းသူ ၃ဝ ဦးဖြင့်လည်းကောင်း မတ်၁၈ရက်မှ ယနေ့ထိ  ဖွင့်လှစ် သင်ကြားပေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

(၁ဝဝ)

Read 26 times Last modified on Friday, 12 April 2019 08:16