SJ WorldNews - шаблон joomla Авто

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၁၄)ကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြုနှင့် နားသအလှူတော် မင်္ဂလာပြုလုပ်

Friday, 12 April 2019 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၁၄)ကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြုနှင့် နားသ အလှူတော်မင်္ဂလာကို ဧပြီ ၁ဝ ရက်တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကျိုင်းတုံမြို့တွင်းနှင့် ခေမာရဋ္ဌဗျာဒိတ်ပေး မြတ်စွာဘုရားကြီးသို့ လှည့်လည်ပူဇော်ပြီး တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်း အေးခန်းမ၌ ရဟန်းလောင်း ၁၉၅ ပါးနှင့် ရှင်သာမဏေလောင်း ၃၆ ပါးတို့အား ဆံချ မင်္ဂလာပြုပေးသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ စိန်ပန်းကျောင်းတိုက်(ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း) ဆရာတော် ဘဒ္ဒန္တရာဇဝံသက ရဟန်းလောင်းများနှင့် ရှင်သာ မဏေများအား ရဟန်းဘောင်နှင့် ရှင်သာမဏေ အဖြစ်သို့ သွတ်သွင်း ချီးမြှင့်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းဆရာတော် အမှူးပြုသော သံဃာတော် ၁၅ ပါးနှင့် ဒုလ္လဘရဟန်း ၁၉၅ ပါးတို့အား   သိမ်ဆင်း လောင်းလှူကြပြီး ရှင်သာမဏေ ၃၆ ပါးနှင့် သာသနာ့အနွယ် ဝင် သီလရှင်လေးပါးတို့အား လှူဖွယ်ပစ္စည်း များ လောင်းလှူကြသည်။

ယင်းနောက် ရဟန်းခံ၊ ရှင်ပြုနှင့် နားသရေစက်ချ အလှူတော်မင်္ဂလာကို ဆက်လက် ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 32 times Last modified on Friday, 12 April 2019 08:19