SJ WorldNews - шаблон joomla Авто

ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 12 April 2019 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်​ ဧပြီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊  ဆီးဘူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ  ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၈၆  ဦးတို့ကို   သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/ အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်  လိုအပ်သူ  ခုနစ်ဦးအား လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။         

(၁ဝဝ)

Read 33 times Last modified on Friday, 12 April 2019 08:23