SJ WorldNews - шаблон joomla Авто

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 12 April 2019 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၁၂ ဦးတို့ကို နှလုံးရောဂါ၊  သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊  အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၈ ဦးအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 (၁ဝဝ)

Read 46 times Last modified on Friday, 12 April 2019 09:08