SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်၊ စံဖူးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 12 April 2019 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်​ ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီခွဲခန့်တွင် မိုင်းဖုန်း(ခ)အုပ်စု၊ စံဖူးကျေးရွာ အနီး မဲခေါင်မြစ်ကမ်းဘေး၌ အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် စစ်ဆေးရာ ဘိန်းဖြူဘလောက်တုံး ၂ဝ တုံး၊ ၇ ကီလိုဂရမ်( ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁ဝဝဝ ကျော်)နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၈ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၆ဝဝ ကျော်)တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း  သတင်း ရရှိသည်။

 (၁ဝဝ)

Read 52 times Last modified on Friday, 12 April 2019 09:11