SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Friday, 12 April 2019 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊   တနင်္သာရီ မြို့နယ်၊ မော်တုန်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မော်တုန်း ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၈၅ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ဆီးချို၊သွေးချို စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

(၁ဝဝ)

Read 19 times Last modified on Friday, 12 April 2019 09:56